Homeပြည်တွင်းသတင်းရုရှား Azur Air လေယာဉ် စက်ချွတ်ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်

ရုရှား Azur Air လေယာဉ် စက်ချွတ်ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်

၉ မတ်လ ၂၀၂၆ | New Day Myanmar

ရုရှားလေကြောင်းလိုင်း Azur Air ရဲ့ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့တာကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ မတ်လ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ လေယာဉ်ဟာ မြန်မာနိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ပျံသန်းနေစဉ် စက်ချွတ်ယွင်းမှု ဖြစ်ပွားခဲ့တာကြောင့် ရန်ကုန်လေဆိပ်ကို အရေးပေါ် အချက်ပြပေးပို့ပြီး လမ်းကြောင်းပြောင်း ဆင်းသက်ခွင့် တောင်းခံခဲ့တာဖြစ်ပါတယ်။

လေဆိပ်ထိန်းချုပ်ရေးအဖွဲ့နဲ့ လေယာဉ်အမှုထမ်းတွေ ညှိနှိုင်းဆောင်ရွက်မှုကြောင့် လေယာဉ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်မှာ ရုရှားခရီးသည် ၃၃၆ ဦးနဲ့ အမှုထမ်း ၁၀ ဦး စုစုပေါင်း ၃၄၆ ဦး လိုက်ပါလာခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှ မရှိဘူးလို့ ရုရှားသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

အဆိုပါ လေယာဉ်ဟာ ရုရှားနိုင်ငံ တီမန်မြို့ကနေ ဗီယက်နမ်နိုင်ငံ နာထရန်မြို့ကို ဦးတည်ပျံသန်းနေစဉ် အရေးပေါ်အခြေအနေကြောင့် လမ်းကြောင်းပြောင်းခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး