Homeပြည်တွင်းသတင်းညောင်လေးပင်မြို့နယ် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ဓါတ်ပုံတွေ KNU ထုတ်ပြန်လာ

ညောင်လေးပင်မြို့နယ် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ဓါတ်ပုံတွေ KNU ထုတ်ပြန်လာ

၉ မတ်လ ၂၀၂၆ | New Day Myanmar

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ညောင်လေးပင်မြို့အတွင်း စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူ ၁၆၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နေ့မှာ ခမရ-၂၀၊ ခလရ-၂၆၄ နဲ့ ခမရ-၄၃၉ တပ်ရင်းတွေ ပါဝင်တဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းဟာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအရပ်သား ၁၆၀ ဝန်းကျင်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ ဂျက်ဖိုက်တာအသုံးပြုကာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်တွေ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၅ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အခြား ၅ ဦးကိုလည်း စစ်ကော်မရှင်တပ်တွေက သတ်ဖြတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

KNU ကတော့ စစ်ကော်မရှင်တပ်တွေဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေချိန်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုကျူးလွန်နေတယ်လို့ KNU က ထောက်ပြထားပါတယ်။

လက်ရှိမှာ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်စာရင်းတွေကို KNU က ဆက်လက် စိစစ်အတည်ပြုနေဆဲဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး