Homeပြည်တွင်းသတင်းခေါ်ယူစစ်ဆေးခံရခဲ့သည့် အဆိုတော် လမင်းကဗျာ နေအိမ်သို့ ပြန်လည်ရောက်ရှိ

ခေါ်ယူစစ်ဆေးခံရခဲ့သည့် အဆိုတော် လမင်းကဗျာ နေအိမ်သို့ ပြန်လည်ရောက်ရှိ

၁၀ မတ်လ ၂၀၂၆ | New Day Myanmar

သရုပ်ဆောင်၊ အဆိုတော် လမင်းကဗျာ (ခ) DJ Moon ဟာ ခေါ်ယူစစ်ဆေးခံရပြီးနောက် နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လမင်းကဗျာဟာ မတ်လ ၁ ရက်မှာ မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ အလှူပွဲတခုကို သွားရောက်ဖျော်ဖြေခဲ့ပြီး သီဆိုဖျော်ဖြေနေစဉ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦး ရပ်နေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရုပ်သံဖိုင် ပျံ့နှံ့ပြီးနောက် မတ်လ ၉ ရက် နံနက်ပိုင်းမှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သူမနေထိုင်တဲ့ နေအိမ်ကို သွားရောက်ပြီး ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

လမင်းကဗျာကလည်း မတ်လ ၉ ရက် ညပိုင်းမှာ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ နေအိမ်မှာရှိနေပြီး စိတ်ပူပေးသူတွေကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး