Homeဗွီဒီယိုအိမ်တွင်းအကြမ်းဖက်ခံရမှုနဲ့ သေဆုံးခဲ့ရတဲ့ မထက်ထက်ဇော်ရဲ့ ရုပ်အလောင်းအား မဲဆောက်မြို့မှာ မီးသဂြိုဟ်

အိမ်တွင်းအကြမ်းဖက်ခံရမှုနဲ့ သေဆုံးခဲ့ရတဲ့ မထက်ထက်ဇော်ရဲ့ ရုပ်အလောင်းအား မဲဆောက်မြို့မှာ မီးသဂြိုဟ်

၁၉ ဇူလိုင်၊၂၀၂၄

အိမ်တွင်းအကြမ်းဖက်ခံရမှုနဲ့ သေဆုံးခဲ့ရတဲ့ မထက်ထက်ဇော်ရဲ့ နာရေးကို ဒီကနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက် ဝပ်မုတ်ကထန် သုဿာန် မှာ မီးသဂြိုဟ်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာ နေထိုင်သူ မထက်ထက်ဇော် (ခ) Nandar အသက် (၂၆) နှစ်ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ရောက်ရှိခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာပဲ ၎င်းရဲ့ခင်ပွန်း ဖြစ် သူနဲ့စကားများရန်ဖြစ်ခဲ့ရာက ခင်ပွန်းဖြစ်သူက ထိုးကြိတ်ခဲ့တာကြောင့် အဲ့ဒီရက်မှာပဲ ထိုးကြိတ်ခံထား ရတဲ့ ဒဏ်ရာတွေနဲ့ မဲဆောက်ဆေးရုံကို ရောက်ရှိခဲ့ ပြီး မဲဆောက်ဆေးရုံမှာ ကုသဖို့မနိုင်တဲ့အတွက် ဖိစနုလွတ် ဆေးရုံကြီးကိုတင်ပို့ပေးခဲ့ပေမယ့် ဦးနှောက် ကသွေးယိုစီးမှုကြောင့် သေဆုံးခဲ့ရပြီး ကျုးလွန်သူကို မမိခဲ့တာကြောင့် ရုပ်အလောင်းကို မဲဆောက်ဆေး ရုံကြီးအအေးခန်းမှာ ၃ လညနီးပါးထားရှိခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါလူသတ်မှုဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံဆိုသူမှာ တော်လှန်ရေးတပ် ဖွဲ့တပ်တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိထားရသလို ပစ်မှုကျုး လွန်းပြီးတဲ့နောက် အဆိုပါ တရားခံမှာ ၎င်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့နယ်မြေအတွင်းသွား ရောက်တိမ်း ရှောင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမှုမှန်ပေါ်ပေါက်ရေး လိုက်ပါဆောင်ရွက်နေတဲ့ Sister 2 Sister အဖွဲ့ရဲ့ ကြိုးစားဖော်ထုတ်မှုကြောင့် မထက်ထက်ဇော် သေဆုံးပြီး (၃) လ အကြာ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့မှာ ကျူးလွန်သူကို သက်ဆိုက်ရာ တော်လှန်ရေးတပ်ဖွဲ့က တရားစီရင်ဖို့ ဖြစ်ရပ်ဖြစ်ပွားရာ မဲဆောက်မြို့က ထိုင်းအာဏာပိုင် များထံ လွဲပြောင်းပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ ပြည်တွင်းမှာဖြစ်နေတဲ့ အတွက် ဒီနေ့ပြုလုပ်တဲ့ နာရေးကို လာရောက်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read