Homeပြည်တွင်းသတင်းHighway ခရီးသွားလာမယ့်သူတွေ မိုင် ၁၀၀ အထက်ရောက်ရင် စက်သုံးဆီထပ်ဖြည့်နိုင်တယ်လို့ စစ်ကော်မရှင်ပြော

Highway ခရီးသွားလာမယ့်သူတွေ မိုင် ၁၀၀ အထက်ရောက်ရင် စက်သုံးဆီထပ်ဖြည့်နိုင်တယ်လို့ စစ်ကော်မရှင်ပြော

၁၅ မတ် ၂၀၂၆ ၊ New Day Myanmar

Highway ခရီးသွားလာမယ့် ကိုယ်ပိုင်ယာဥ်တွေအနေနဲ့ မိုင် ၁၀၀ အထက်ရောက်ရင် စက်သုံးဆီထပ်ဖြည့်နိုင်တယ်လို့ မနေ့က စစ်ကော်မရှင်ဝါဒဖြန့် မီဒီယာဖြစ်တဲ့ မြဝတီရုပ်သံကနေ အသိပေးထားပါတယ်။

စက်သုံးဆီ ထပ်မံဖြည့်ဖို့အတွက် ကိုယ် ပိုင်ယာဉ်တွေ ကနဦးဆီဖြည့်ခဲ့တဲ့ဆိုင်ကနေ ဘောင်ချာတောင်းယူခဲ့ရမှာဖြစ်ပြီး၊ မိုင် ၁၀၀နဲ့ အထက်ရောက်ရင် နီးစပ်ရာ စက်သုံးဆီဆိုင်မှာ ဘောင်ချာပြပြီး ဝယ် ယူနိုင်တယ်လို့ ဆိုပါတယ်။

လတ်တလော စစ်ကောင်စီ လုပ်ဆောင်တဲ့ QR စနစ်မှာ အခက်အခဲအချို့ကြုံ တွေ့နေရတာကြောင့် နည်းပညာမြှင့်တင်ဖို့ လုပ်ဆောင်နေသလို၊ ယာဉ်ပိုင်ရှင်းတွေအနေနဲ့လည်း ကညန ကို သွားရောက်ပြီးယာဉ် Wheel Tax မှာ ပါရှိတဲ့ Barcode တွေကို အချက်အလက်တွေပြန်လည်ဖြည့်စွက်ပြီး ပြင်ဆင်ဖို့လိုမယ်လို့ ဆိုပါတယ်။

ယာဉ် Wheel Tax မှာ ပါရှိတဲ့ Barcodeကို ပြင်ဆင်သူတွေ ကညနမှာ များပြားနေတာကြောင့် အခုစနစ်ထက်ကောင်းမွန်တဲ့ စနစ်ကို ပြင်ဆင်စေလိုတယ်လို့ ယာဉ်ပိုင်ရှင်အချို့ကလည်း သုံးသပ်ပြောဆိုနေကြပါတယ်။

“ဝှီးတက် error ကို ပြင်ပေးနေတဲ့ ကညန မှာ Over Load ဖြစ်နေတယ် Qr အဟောင်းကို ဓားနဲ့ခြစ် Print အသစ်ပြန်ရိုက်ပေးတာလည်း ဘဝင်မကျစရာပါ။ နိုင်ငံရဲ့ နေရာအနှံ့မှာ ကားမျိုးစုံသုံးနေကြတာမို့ဒီနည်းလမ်းလည်း အဆင်မပြေနိုင်”ဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါကြောင့် အရေးပေါ် ဖြေရှင်းနည်းတစ်ုအနေနဲ့မြန်မာ့အာမခံရဲ့ သူတစ်ပါးထိ ခိုက်မှု ပရီမီယံစာရွက်မှာပါတဲ့ Qr ကို အသုံးပြုရင် ပိုအဆင်ပြေမယ်လို့ အကြုံပြုပြောဆိုတာတွေ ရှိနေပါတယ်။

ယာဉ် Wheel Tax မှာ ပါရှိတဲ့ Barcode နဲ့ဆီဖြည့်ရမယ့်အစီအစဉ်ကို မတ်လ ၁၂ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး၊ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်တွေအတွက် Wheel Tax ရဲ့ Barcode နဲ့မော်တော် ဆိုင်ကယ်တွေအတွက် Wheel Tax ပါအချက် အလက်တွေကိုအသုံးပြုပြီး QR Code ထုတ်ပေးပြီး Application နဲ့ အလို အ လျောက်စစ်ဆေးတဲ့နည်းလမ်းနဲ့ စိစစ်ရောင်းချပေးနေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး