Homeပြည်တွင်းသတင်းATR တာဘိုဂျက်လေယာဉ်များကို မြန်မာစစ်အုပ်စုက ဝယ်ယူသုံးစွဲနိုင်အောင် ထောက်ပံ့ကူညီနေတဲ့ ကုမ္ပဏီကွန်ယက်နဲ့ပတ်တတ်တဲ့ အစီရင်ခံစာသစ် JFM ထုတ်ပြန်

ATR တာဘိုဂျက်လေယာဉ်များကို မြန်မာစစ်အုပ်စုက ဝယ်ယူသုံးစွဲနိုင်အောင် ထောက်ပံ့ကူညီနေတဲ့ ကုမ္ပဏီကွန်ယက်နဲ့ပတ်တတ်တဲ့ အစီရင်ခံစာသစ် JFM ထုတ်ပြန်

၂ စက်တင်ဘာ၊ ၂၀၂၄

ATR တာဘိုဂျက်လေယာဉ်တွေကို မြန်မာစစ်အုပ်စုက ဝယ်ယူသုံးစွဲနိုင်အောင် ထောက်ပံ့ကူညီနေတဲ့ ကွန်ယက်မှာ မြန်မာ၊ အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနှင့် စင်ကာပူနိုင်ငံတွေက ကုမ္ပဏီတွေ ပါဝင်နေတယ်လို့ Justice For Myanmar အဖွဲ့ရဲ့အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီတွေဟာ စစ်ကောင်စီကို လေယာဉ်အပိုပစ္စည်း ရောင်းချပေးပြီး ပြုပြင်ထိန်းသိမ်းရေးဝန် ဆောင်တွေပေးနေတယ်လို့ JFM က ဖော်ပြပါတယ်။

ATRဟာ ပြင်သစ်ကုမ္ပဏီ Airbus နဲ့ အီတလီကုမ္ပဏီ Leonardo တို့ ဖက်စပ်လုပ်ငန်းအဖြစ် ဆောင်ရွက် တဲ့ ပြင်သစ်-အီတလီ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံတောင်ပိုင်း၊ တူးလောက်စ်မြို့ ဆင်ခြေဖုံးက ဘလန်းညက်ရပ်ကွက်မှာ ရုံးချုပ်ရှိပါတယ်။ ATR ဟာ ဒေသတွင်း လေကြောင်းလုပ်ငန်းအတွက် အဓိကလေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး၊ ထိုင်ခုံ ၇၈ ခုံအထိ ပါဝင်တဲ့ တာဘိုအင်ဂျင်သုံး လေယာဉ်တွေကို ထုတ်လုပ်ရောင်းချပါတယ်။

ATR ကုမ္ပဏီက ထုတ်လုပ်တဲ့ တာဘိုအင်ဂျင်သုံး လေယာဉ်တွေဟာ လေယာဉ်ပြေးလမ်း ကျဉ်းမြောင်း ခြင်း နဲ့ လေယာဉ်ပြေးလမ်း မတည်ဆောက်ထားခြင်း စတဲ့ အခြေခံအဆောက်အဦး ချို့တဲ့တဲ့ လေယာဉ် ကွင်းတွေနဲ့ အသုံးဝင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသတွေအတွက် အထူး သင့်တော်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းသုံးလေယာဉ် ၄၅ စင်းထဲက ၂၈ စင်းဟာ ATR 42 နှင့် ATR 72 လေယာဉ်တွေ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံဆေး ခန်း လို ပြည်သူပိုင်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တဲ့အတွက် လူပေါင်းများစွာ သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီဟာ ATR လေယာဉ်တွေကို မကြာခဏ အသုံးပြုနေတယ်လို့ JFM က စုံစမ်းတွေ့ရှိထား တယ်လို့ ဆိုပါတယ်။

ADS-B Exchange ကတဆင့် ရရှိသည့် ပျံသန်းမှုအချက်အလက်တွေက စစ်ကောင်စီဟာ ATR လေယာဉ်များကို ပုံမှန်အသုံးပြုနေပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှာ MSN 927 နဲ့ အနောက်မြောက်ပိုင်းဒေသကို ပျံသန်းထားပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ထားတဲ့နေရာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်သားတစ်ယောက်က TikTok ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်မှာလည်း ချင်းပြည်နယ်ကို ATR စစ်တပ်လေယာဉ်နဲ့ စစ်သည်တွေ ပို့ဆောင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၂ ဦးကို ATR လေယာဉ်နဲ့ ပြန်ခေါ်လာပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်မှာ မြဝတီမြို့နယ်တောင်ပိုင်း၊ သေဘောဘိုးဒေသမှာ မြေပြင်-ဝေဟင် ပေါင်းစပ်စစ်ဆင်ရေး ဆောင်ရွက်ခဲ့လုပ်ခဲ့ပြီး လေကြောင်းထောက်လှမ်းမှု အတွက် ATR-42 လေယာဉ်တစ်စင်းကို အသုံးပြုခဲ့ပါတယ်။

စစ်ကောင်စီဟာ ATR လေယာဉ်နှစ်စင်းကို ခေတ်မီစောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ ကိရိယာတွေနဲ့ အဆင့်မြှင့်ပြီး ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်တွေအဖြစ် အသုံးပြုနေပါတယ်။

ခရီးသည်တင် ATR လေယာဉ်တွေကို စစ်တွေ၊ မြစ်ကြီးနား၊ လားရှိုး၊ ဗန်းမော်၊ လွိုင်ကော်နှင့် ကျိုင်းတုံ လေယာဉ်ကွင်းတွေကို ပျံသန်းခိုင်းထားပါတယ်။ စစ်ပွဲဖြစ်လို့ ခရီးစဉ်မရှိတဲ့တိုက်ပွဲနေရာတွေမှာ ATR ခရီးသည်တင်လေယာဉ်တွေကို တွေ့ရတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

၂၀၂၁ ဒီဇင်ဘာလမှာ ကရင်နီပြည်နယ်၊ လွိုင်ကော်လေဆိပ်ကို စစ်သည်နဲ့ လက်နက်ခဲယမ်းတွေ ပို့ ဆောင်ပေးရာမှာ ATR လေယာဉ်နဲ့ ပြေးဆွဲခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အုပ်စုက နောက်ဆုံးလက်ဝယ်အသုံးပြုမဲ့ စက်ပစ္စည်းကိရိယာတွေကို တင်ပို့ရောင်းချမှုကို အီးယူက ပိတ်ပင်ထားတဲ့ကြားက ATR လေယာဉ်၊ လေယာဉ်အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကို ပေးအပ်ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေရဲ့ စိစစ်မှုမရှိပုံက မြန်မာပြည်တွင်း ဒီမိုကရေစီရရှိဖို့ လိုလားသူတွေကို စိုးရိမ်မကင်းဖြစ်စေတယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။

Photo – JFM

ဆက်စပ် သတင်းများ

Most read