Homeပြည်တွင်းသတင်းအမျိုးသားလွှတ်တော်မှာ သဘာပတိအဖြစ် ဒေါ်ဒွဲဘူ တာဝန်ယူ

အမျိုးသားလွှတ်တော်မှာ သဘာပတိအဖြစ် ဒေါ်ဒွဲဘူ တာဝန်ယူ

၁၈ မတ်လ ၂၀၂၆ | New Day Myanmar

စစ်တပ်က ပြုလုပ်တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော်ရဲ့ သဘာပတိအဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၅) ဒေါ်ဒွဲဘူကို တင်မြှောက်လိုက်ကြောင်း သိရပါတယ်။

သဘာပတိရွေးချယ်ရေးလုပ်ငန်းစဉ်အတွင်း ဒေါ်ဒွဲဘူရဲ့ အမည်တစ်ဦးတည်းသာ တင်သွင်းထားတာကြောင့် ယှဉ်ပြိုင်သူမရှိဘဲ သဘာပတိအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

စစ်တပ်က ပြုလုပ်တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၈ ရက်နေ့မှာ စတင်ကျင်းပနေကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး