၂၂ အောက်တိုဘာ၊ ၂၀၂၄
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ သုံးလနီးပါအတွင်း နိုင်ငံတဝန်း လူဦးရေ ၅.၆ သန်းကျော် ရေးဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ISP- Myanmar ရဲ့ အောက်တို ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘေးနှစ်သွယ် အမြွှာဆင့်ချိန်-ဥတုကပ်ဘေးနှင့် သတိပြုဖွယ် သုံးချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အထဲမှာ အများဆုံးက ဧရာဝတီတိုင်းကဖြစ်ပြီး ၃၅ ရာခိုင်နှုန်းနီး ပါးရှိ ကြောင်းနဲ့ ဒုတိယအများဆုံးက ပဲခူးတိုင်းဖြစ်ပြီး စစ်ကိုင်းတိုင်းက တတိယအများဆုံး ဖြစ်တယ်လို့လည်း ဆို ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ သုံးလနီးပါအတွင်း နိုင်ငံတဝန်းမြို့နယ်ပေါင်း ၃၁၄ မြို့နယ်မှ မြေဧရိယာ ဧက ၁၀ သန်းခန့် ရေနစ်မြုပ်ခဲ့ပြီး အဆိုပါပမာဏမှာ မြန်မာနိုင်တစ်နိုင်လုံးရဲ့ ၆ ရာခိုင်း နှုန်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။
အဆိုပါရေနစ်မြုပ်ခဲ့တဲ့ မြေဧရိယာ ဧက ၁၀ သန်းခန့်အတွင်း ၈ သန်းကျော်မှာ မြို့နယ် ၃၀၀ အတွင်းက စိုက် ပျိုးမြေတွေဖြစ်ကြောင်းနဲ့ နိုင်ငံအနှံ့စိုက်ပျိုးမြေဧရိယာပေါင်း ၂၄ ရာခိုင်နှုန်းနီးပါး ရေလွှမ်းခဲ့တယ်လို့လည်း ထုတ် ပြန်ထားပါတယ်။
တိုင်ဖွန်းရာဂီဒဏ်ကို အဖျားခတ် ခံခဲ့ရတဲ့ မြန်မာနိုင်ငဲမှာ မုန်းတိုင်းဒဏ်ကို တိုက်ရိုက်ခံခဲ့ရသည့် ဗီယက်နမ် နိုင်ငံထက်ပင် လူသေဆုံးမှုများခဲ့ပြီး စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၄၃၃ ဦးသေဆုံး ခဲ့ပြီး ၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင်းအပြီး ဒုတိယအကြီးဆုံး သဘာဝဘေးလို့ခေါ်ဆိုနိုင်တဲ့ ၂၀၁၅ ခုနှစ် ရေကြီးမှု ထက်ပင် လူသေဆုံးမှုများခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ -၂၀၂၄ ခုနှစ်စက်တင်ဘာလ ၁၃ ရက်နေ့က ပျဉ်းမနားမြို့နယ်အတွင်းရေကြီးနေမှုကြောင့် တိမ်းရှောင်လာသူများ
Photo – ISP- Myanmar