Homeပြည်တွင်းသတင်းလေယာဉ်ဆီအခက်အခဲကြောင့် MAI လေကြောင်းလိုင်း အပိုအလေးချိန် ကန့်သတ်

လေယာဉ်ဆီအခက်အခဲကြောင့် MAI လေကြောင်းလိုင်း အပိုအလေးချိန် ကန့်သတ်

၁၉ မတ်လ ၂၀၂၆ | New Day Myanmar

လေယာဉ်ဆီ (Jet A1) ရရှိမှု ကန့်သတ်နေတဲ့ အခြေအနေကြောင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က ခရီးသည်တွေ အပိုအလေးချိန် ဝယ်ယူခွင့်ကို မတ်လ ၁၉ ရက်နေ့ကစပြီး ကန့်သတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိကာလအတွင်း ခရီးသည်တစ်ဦးကို အပိုအလေးချိန် အများဆုံး ၁၀ ကီလိုဂရမ်အထိသာ ဝယ်ယူခွင့်ပြုမယ်လို့ ဆိုပြီး လေကြောင်းလိုင်းဘက်က လေယာဉ်ဆီရရှိမှုအခြေအနေပေါ် မူတည်ပြီး လုပ်ငန်းလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခုလို လျှော့ချလိုက်တာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ဒါ့အပြင် Sky Smile (Ruby & Diamond) အဖွဲ့ဝင်တွေ ရဲ့ အလေးချိန်အပို ခံစားခွင့်တွေကိုလည်း ယာယီရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။

လေကြောင်းလိုင်းဘက်ကတော့ ခရီးစဉ်တွေ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရေးအတွက် အခုလို အလေးချိန်ကန့်သတ်ရတာဖြစ်ပြီး ခရီးသည်တွေ အဆင်မပြေမှုတွေ ဖြစ်လာနိုင်တာအတွက်လည်း တောင်းပန်ထားပါတယ်။

လတ်တလော ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်မှုရှိနေတဲ့ နိုင်ငံတကာ စစ်ရေးတင်းမာမှုတွေကြောင့် ရေနံထောက်ပံ့မှုလမ်းကြောင်းတွေ ထိခိုက်လာပြီး လေကြောင်းလုပ်ငန်းတွေမှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာနေတာပါ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး