၂၁ ဇန်နဝါရီ ၊ ၂၀၂၅
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့်စစ်ကောင်စီနဲ့ ကိုးကန့်တပ် အပစ်အခတ်သာ ရပ်စဲတာဖြစ်ပြီး လားရှိုးမြို့ကနေ တပ်ပြန်ဆုတ်မည်ဆိုသည်မှာ မသေချာဘူးလို့ ကိုးကန့်တပ်ဘက်ကနေစုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီနဲ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့က ဇန်နဝါရီ ၁၈ ရက်မှာစတင်တဲ့အပစ်အခတ်ရပ်စဲရေးတရားဝင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ သဘောတူညီချက်မှာ ဘာတွေ ပါတယ်ဆိုတာကတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
သတင်းတွေရ စစ်ကောင်စီ နဲ့ MNDAA တို့အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိသွားပြီး လားရှိုးမြို့မှာရှိတဲ့ MNDAA ဟာ တပ်ပြန်ဆုတ်ပေးရမယ်လို့ သတင်းတွထွက်ပေါ်နေပေမယ့် New Day Myanmar ရဲ့ ဆက်သွယ်မေးမြန်းထားချက်အရ အပစ်အခတ်ရပ်စဲခြင်းကို အတည်ပြုဖြေဆိုထားပြီး တပ်ပြန်ဆုတ်မယ့် ကိစ္စကတော့ မသေချာဘူးလို့ ကိုးကန့်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲတာမှန်တယ်။ တပ်ပြန်ဆုတ်မှာက မသေချာဘူး” လို့ သူကပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်မှာကတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားတဲ့ ကိုးကန့်ဒေသနဲ့ ထိစပ်နေတဲ့ ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံက ပြန်လည်ဖွင့်ပေးလိုပါတယ်။
လက်ရှိအချိန်မှာတော့ လားရှိုးမြို့ပေါ်မှာ ကိုးကန့်တပ် MNDAA က ပဲ ဆက်လက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
MNDAA သည် TNLA ၊AA တို့ နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်ကာ တရုတ်နယ်စပ်အနီးရှိ နယ်မြေများကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တရုတ်အနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက မြောက်ပိုင်းဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ယခုတကြိမ်မှာတော့ ကြားဝင်ဆောင်ရွက်မှု အောင်မြင်ခဲ့ပါတယ်။
ပုံစာ – လားရှိုးမြို့ထဲမှာတွေ့ရတဲ့ ကိုးကန့်တပ်(MNDAA)ဖွဲ့ဝင်များ
Photo – The Ko Kang