Homeပြည်တွင်းသတင်းရန်ကုန်မှာ လျှပ်စစ်မီး ၄ နာရီခြားအလှည့်ကျ ပြန်ပျက်လာ

ရန်ကုန်မှာ လျှပ်စစ်မီး ၄ နာရီခြားအလှည့်ကျ ပြန်ပျက်လာ

၁၉ မတ် ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်မြို့နယ်အများစုမှာ လျှပ်စစ်မီး ၄ နာရီခြားအလှည့်ကျ ပြန်ပျက် လာနေပြီး၊ အဲ့ဒီမြို့နယ်တွေမှာ မနက်ပိုင်း၊ နေ့လည်ပိုင်းနဲ့ ညပိုင်းဆိုပြီး အချိန် ၃ ချိန်ခွဲကာ ပေးဝေတာတွေ ကြုံတွေ့နေရပြီဖြစ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကပြောပါတယ်။

အလှည့်ကျမီးပေးဝေမှုကို မနေ့က မတ်လ ၁၈ ရက်မှာ စတင်လုပ်ဆောင်လာတာဖြစ်သလို အချို့မြို့နယ်တွေမှာ ၂၄ နာရီ မီးလာနေတာမျိုးတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

“မင်္ဂလာတောင်ညွှန့်မှာဆိုမီးက အမြဲလာတယ်မပျက်ဘူးဗျ။ ကျွန်တော် မိတ်ဆွေနေတဲ့ သာကေတာဘက်တွေတော့အလှည့်ကျ ပေးတာကြုံနေရပြီ။ ပုံမှန်ဒီလိုမဟုတ်ရင်တော့ အထပ်မြင့်တိုက်တွေ ရေအခက်အခဲရှိလာလိမ့်မယ်။ အခုတောင် ပရဟိတအဖွဲ့တွေ ရေကားတွေနဲ့ လိုက်ဖြည့်ပေးနေရပြီလေ”လို့ New Day Myanmar ကိုပြောပါတယ်။

လတ်တလော ရန်ကုန်မြို့က မြို့နယ်တွေမှာအုပ်စုနှစ်ခုခွဲပြီး ၄ နာရီခြား အလှည့်ကျ လျှပ်စစ်မီးပေးတေတာတွေလုပ် ဆောင်နေသလို မီးပေးဝေမယ့် အချိန် ဇယားလည်း ထွက်ရှိလာပြီဖြစ်ပါတယ်။

နွေရာသီကို ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် လျှပ်စစ်သုံးစွဲမှု မြင့်တက်လာတာနဲ့အတူ လျှပ်စစ်ဓာတ်အားဝန်အားမျှတခွဲဝေဖြန့်ဖြူးမှု (Planned Load Shedding) ကို မတ်လကနေ ဇွန်လအထိ ၄ လကြာ ဝန်အားထိန်ညှိဖြန့်ဖြူးပေးသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနကလည်း ထုတ်ပြန်ထားပါတယ်။

“LNG ကို စက်မှုဇုန်တွေကို အဓိကထားပေးမယ်ဆိုတော့ ကျန်တဲ့လုပ်ငန်းရှင် အလုပ်မလုပ်ဘဲထိုင်နေရမှာလား။ စက်သုံးဆီကလည်းမြင့်တက်လာပြီ။ ဘာဆက်လုပ်ကြမလဲပေါ့။ ပြောတော့ LNG သ‌င်္ဘောကြီးတွေရောက်နေပြီဆို အဲဒါက ဘယ်ကိုပေးမှာလဲ မေးချင်တယ်”လို့ သာကေတမြို့နယ်နေထိုင်သူ ပရိဘောဂလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အရပ်သားအစိုးရလက်ထက် လျှပ်စစ်မီးပေးဝေရာတွင် ရေအားလျှပ်စစ်က ဓာတ် အားများအပြင် LNG ဓာတ်ငွေ့က ပေးပို့သော ဓာတ်အားများကို စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေအပြင် ပြည်တွင်းလုပ် ငန်းတွေလည်းအချိန်ပြည့် လည်ပတ်နိုင်ခဲ့ပြီး၊ နွေရာသီကာလတွင်ပင်ဓာတ်အားပြတ်တောက်မှုမရှိအောင်ပေးဝေနိုင်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး