Homeပြည်တွင်းသတင်းရန်ကုန်မှာ ကျောင်းကြိုပို့ယာဉ်အချို့ အထောက်အထားအပြည့်အစုံပါပေမယ့် ဖမ်းဆီး ဒဏ်ရိုက်ခံရတာတွေရှိနေဟု ဆို

ရန်ကုန်မှာ ကျောင်းကြိုပို့ယာဉ်အချို့ အထောက်အထားအပြည့်အစုံပါပေမယ့် ဖမ်းဆီး ဒဏ်ရိုက်ခံရတာတွေရှိနေဟု ဆို

၁၇ မတ် ၂၀၂၆

ရန်ကုန်မှာ ကျောင်းကြိုပို့ယာဉ်အချို့ အ ထောက်အထားအပြည့်အစုံပါပေမယ့် ဖမ်းဆီးဒဏ်ရိုက်ခံရတာတွေရှိနေတယ်လို့ ကျောင်းကြိုပို့လုပ်ဆောင်နေတဲ့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

မနေ့က မတ်လ ၁၆ရက် က အင်းစိန်မြို့ နယ်အတွင်း စာမေးပွဲအတွက် ကျောင်းကြိုပို့လုပ်နေတဲ့ ယာဉ်တစ်စီးဖမ်းဆီးခံခဲ့ရပြီး၊ အထောက်အထားအပြည့်အစုံတင် ပြတာကို လက်မခံဘဲဖမ်းဆီးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ စုံ/မ ရက်အရ ကိုယ် ပိုင်ယာဉ်ကလွှဲလို့ ကျောင်းဖယ်ရီ၊ ဝန် ထမ်းဖယ်ရီ၊ အငှားယာဉ်(လုပ်ငန်းလိုင်စင်)နဲ့ ကုန်တင်ယာဉ်ကြီးတွေ၊ မြို့တွင်းပြေးဆွဲနေတဲ့ အများပြည်သူသုံး YBS တွေကို ခြွင်းချက်လို့ သတ်မှတ်ထားပေမယ့် အောက်ခြေမှာတော့ ဖမ်းဆီးဒဏ်ရိုက်တာတွေ ရှိနေပါတယ်။

“ကျောင်းကနေ ဖယ်ရီကားပါဆိုပြီး အထောက်အထားအပြည့်အစုံ ပေးထားတယ်။ ဒါပေမယ့် မရဘူး၊ ကျောင်းကား Ferry ပုံစံပဲ ရတာပါတဲ့​။ အခြားကားမရဘူးတဲ့။ စာမေးပွဲရက်မှာ ကျောင်းကားဖြစ်ကြောင်းအထောက်အထားအပြည့် အစုံနဲ့ တောင်မရဘူး။ ရုံးမှာဒဏ်ငွေသွားဆောင်ဖို့ ချလံဖြတ်ပေးလိုက်တယ်” ဟု ဖမ်းဆီးခံရတဲ့ ယာဉ်ပိုင်ရှင်ရဲ့မိတ်ဆွေဖြစ်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဒီကနေ့ မတ်လ ၁၇ ရက်ဟာ စစ်ကောင်စီပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဇီဝ‌ဗေဒနဲ့ ဘောဂ ဗေဒဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ-Cj

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး