အေအေတပ်ဖွဲ့ဟာ ကျောက်ဖြူမြို့နဲ့ မြို့အနီးက ရေတပ်တပ်စခန်းကို ထိထိရောက်ရောက် ပိတ်ဆို့ဝန်းရံထားပါတယ်။ ဒါပေမဲ့ ထိုးစစ်ဆင်လို့ အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အဦတွေ ထိခိုက်ပျက်စီးရင် လက်ခံလို့မရတဲ့ အမှားအဖြစ် ဘေဂျင်းက ရှုမြင်လိမ့်မယ်ဆိုတာကိုတော့ အေအေတပ်ဖွဲ့က သတိထားဖို့လိုပါတယ်။