Homeပြည်တွင်းသတင်းယာဉ် Wheel Tax မှာပါရှိတဲ့ Barcode စနစ်နဲ့ စက်သုံးဆီစတင် ရောင်းချ

ယာဉ် Wheel Tax မှာပါရှိတဲ့ Barcode စနစ်နဲ့ စက်သုံးဆီစတင် ရောင်းချ

၁၂ မတ် ၂၀၂၆

ဒီကနေ့ မတ်လ ၁၂ ရက်ကစပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ယာဉ် Wheel Tax မှာပါရှိတဲ့ Barcode နဲ့ စက်သုံးဆီရောင်းချပေးတဲ့အစီအစဉ်ကို လုပ် ဆောင်နေတယ်လို့ ရန်ကုန်မြို့နေ ကိုယ် ပိုင်ယာဉ်မောင်းတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“အခု တစ်ရက် တစ်ကြိမ် ၁၂ လီတာ ရတယ်။ အဆင်ပြေလားဆိုတော့ ကိုယ် ပိုင်ယာဉ်တွေအတွက်တော့အဆင်ပြေပေမယ့် တက္ကစီတွေအတွက်တော့ မသိဘူး၊ ဒီနေ့ အဲ့ဒီစနစ်နဲ့ စရောင်းပေးနေတယ် အချို့ဆိုင်တွေ 95 မရဘူး”လို့ဆိုပါတယ်။

ရန်ကုန်နေ တက္ကစီယာဉ်တစ်ဦးကတော့ “ငါးသောင်းဖိုးရောင်းပေးတယ်။ ‌လောက် လားဆိုတော့ ချိန်မောင်းရတာပေါ့။ ခေါက်တိုမောင်းတဲ့လူလည်း ခေါက်တိုများများရအောင်ဆွဲရတာဘဲ၊ ခရီးလမ်းရှည်တော့လည်း ရှည်တဲ့အတိုင်းကိုက်အောင်တော့တောင်းရတာပေါ့”လို့ ဆိုပါတယ်။

ဒီစနစ်ကျင့်သုံးလာတာကြောင့် အငှားယာဉ် ဈေးနှုန်းတွေမြင့်တက်လာပြီး ၊အများစုကတော့ YBS ယာဉ်ကိုဘဲ အသုံး ပြုစီးနင်းသွားလာနေကြတာတွေ့ရပါတယ်။

အဲ့ဒီအစီအစဉ်အတွက် မတ် လ ၁၁ရက် ရက်စွဲနဲ့ ထုတ်ပြန်အသိပေးထားတာဖြစ်ပြီး၊ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်

တွေအတွက် Wheel Tax ရဲ့ Barcode နဲ့ မော်တော်ဆိုင်ကယ်တွေအတွက် Wheel Tax ပါအချက်အလက်တွေကိုအသုံးပြုပြီး QR Code ထုတ်ပေးပြီး Application နဲ့ အလိုအလျောက်စစ်ဆေးတဲ့နည်းလမ်းနဲ့ စိစစ်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

စက်သုံးဆီဝယ်ယူရာမှာ မော်တော်ယာဉ်တွေအတွက် Wheel Tax မှာပါရှိတဲ့ Bar -code ကို ဆိုင်ဝန်ထမ်းက Scan ဖတ်စစ်ဆေးပြီး တစ်ရက်အတွင်း စက်သုံးဆီဝယ်ယူထားတာမရှိသေးရင် ရောင်းချပေးမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ တစ်ရက်အတွင်း မည်သည့်ဆိုင်မှာမဆို ထပ်မံဝယ်ယူပါက သတ် မှတ်ရက်အတွင်း ပထမအကြိမ်ဝယ်ယူခဲ့တာကို ဖော်ပြပေး‌တာကြောင့် ဆီဝယ်ယူခွင့်ရရှိမှာမဟုတ်ဘဲ နောက်တစ်ရက်မှသာထပ်မံဝယ်ယူခွင့်ရရှိမယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ဟာ စက်သုံးဆီ မပြတ်လပ်စေဖို့နဲ့ စက်သုံးဆီအမှန်တကယ်လိုအပ်သူတွေအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်စေဖို့လုပ်ဆောင်တယ်လို့ အသိပေးချက်မှာဖော်ပြထားပြီး၊ တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်တန်းစီ ဝယ်ယူတာတွေလျော့နည်းပပျောက်စေရေးအတွက် လုပ်ဆောင်တာဖြစ်တယ်‌လို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ-New Day Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး