Homeပြည်တွင်းသတင်းမြန်မာစစ်အုပ်စုမှာ အစိုးရ အာဏာမရှိတော့ဘူးလို့ SAC - M ထုတ်ပြန်

မြန်မာစစ်အုပ်စုမှာ အစိုးရ အာဏာမရှိတော့ဘူးလို့ SAC – M ထုတ်ပြန်

၅ ဇူလိုင်၊ ၂၀၂၄

မြန်မာစစ်အုပ်စုဟာ တနိုင်ငံလုံးအတိုင်းအတာ ခုခံတော်လှန်မှုတွေကြောင့် နိုင်ငံအတွင်း အစိုးရအာဏာကို ထိန်းချုပ်နိုင်မှု မရှိတော့ဘူး လို့ SAC – M က ထုတ်ပြန်ပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကို ဆက်လက်ဆီလျှော်စေချင်ရင် မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံဖို့လိုအပ်တယ် လို့ SAC – M က တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် ရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ သူတို့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဇူလိုင် ၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ် ကို အကြမ်းဖက်စစ်ခေါင်းဆောင် နဲ့ သဘောတူခဲ့ပြီးနောက် သုံးနှစ်အကြာမှာ အကြမ်းဖက် စစ်အုပ်စုက အကောင်အထည်ဖော်လို့မရတော့ဘူး လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို တဖက်သတ်ဆုံးဖြတ်ဖို့ မဖြစ်နိုင်တဲ့အပြင် လူ့အခွင့်အရေးနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြီးမားပြင်းထန်တဲ့ ဥပဒေချိုးဖောက်မှုတွေဟာ နေ့စဉ်သတင်းတွေမှာပါလာနေတယ် လို့လည်း ဆိုပါတယ်။

VPN တွေကို ပိတ်ပင်ဖို့ စစ်အုပ်စုက ကြိုးပမ်းမှုတွေဟာ သတင်းအစီရင်ခံသူတွေအပေါ် အန္တရာယ်များစေတယ် လို့လည်း ဆိုပါတယ်။ မကြာသေးမီ ရက်သတ္တပတ်အတွင်း စစ်အုပ်စု၊ အာရက္ခတပ်တော် (AA) နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ချိုးဖောက်မှုတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေဟာ အထူးစိုးရိမ်စရာကောင်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအရ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူဝါဒရပ်တည်ချက်နဲ့ ရောမပြဋ္ဌာန်းဥပဒေစာချုပ် ၁၂ (၃) အရ ၂၀၀၂ ခုနှစ်က စပြီး မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်အား လက်ခံထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြေညာချက် တင်သွင်းမှုကို ကြိုဆိုသင့်တယ် လို့လည်း ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read