Homeပြည်တွင်းသတင်းမန္တလေးမှာ KBZ ဘဏ်ခွဲ ဓါးပြတိုက်ခံရ

မန္တလေးမှာ KBZ ဘဏ်ခွဲ ဓါးပြတိုက်ခံရ

၁၃ မတ်လ ၂၀၂၆ | New Day Myanmar

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် စက်မှုပန်းခြံ ၁၃၄ လမ်းနဲ့ ၁၃၅ လမ်းကြား ရန်–မန်းလမ်းပေါ်မှာရှိတဲ့ KBZ ဘဏ်ခွဲ (၄၂) ကို မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမဲရောင် Scoopyi မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမျိုးသား ၂ ဦးက ဘဏ်အတွင်းကို ဝင်ရောက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ငွေထည့်ထားတဲ့ ဆာလာအိတ် ၂ အိတ်ကို ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဓါးပြတိုက်မှု ကျူးလွန်သူတွေဟာ ဂျင်းဘောင်းဘီအပြာရောင်နဲ့ ဖလန်အင်္ကျီ ဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဓါးပြတိုက်ခံရတဲ့ KBZ ဘဏ်ခွဲ (၄၂) ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ငွေကျပ် သိန်း ၁၈၀၀ ခန့် ဓါးပြတိုက်ခံခဲ့ဖူးတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်ဖွဲ့တွေက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး