၅ ဖေဖေါ်ဝါရီ၊၂၀၂၅
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် စီပါရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျူးလွန်ခဲ့တဲ့ လူသက်မှုကို နိုင်ငံတ ကာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းပြီး စုံစမ်းစစ်ဆေးအရေးယူဖို့အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့် အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ICC အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
၂၀၂၄ ခုနှစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က စီပါရွာခံ အရပ်သား ခြောက်ဦးကို စစ်ကောင်စီတပ် သား တွေက ရည်ရွယ်ချက်ရှိရှိ အစိတ်အပိုင်းများ ဖြတ်တောက်သတ်ဖြတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သိသာထင်ရှားတဲ့ စစ်ရာဇဝတ်တွေကို ကျူးလွန်ခဲ့ကြောင်း Fortify Rights က စုံစမ်းစစ်ဆေးမှုမှာ တွေရှိခဲ့ ရတယ်လို့ ဆိုပါတယ်။
ထိုထဲအမှာ သေဆုံးခဲ့သူ သုံးဦးမှာ ခေါင်းဖြတ်ခံထားရပြီး၊ အဆိုပါခေါင်းပြတ်များအား ခြံစည်းရိုးပေါ်တွင် တင်ထားခဲ့သလို အခြားသူတွေမှာလည်း ၎င်းတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ခံ ထားခဲ့ကြ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေများကို ICC ရှေ့နေချုပ်ထံ အလျင်အမြန်လွှဲပြောင်းကာ အဆိုပါ ဖြစ်စဥ် နဲ့ အခြားရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးအရေးယူသင့်တယ်လို့ Fortify Rights အဖွဲ့ မှ တောင်းဆိုထားပါတယ်။
“ဒီလို လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေအပေါ် မြန်မာစစ်စစ်တပ်က သွေးအေးအးနဲ့ အရေးယူခံရချင်းမရှိပဲ ဘာ်လောက်အထိကျူးလွန်နေတယ်ဆိုတာကို သက်သေပြနေတာပါပဲလို့” Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ ကိုစိုင်းအာက ပြောဆိုထားပါတယ်။
သတ်ဖြတ်ခံလိုက်ရတဲ့ စီပါရွာသားတွေရဲ့ မီးလောင်ထားတဲ့ရုပ်အလောင်းတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ခံထားရတဲ့ ဓာတ်ပုံတွေကို Fortify Rights က ရရှိထားတယ်လို့ ဆိုပါတယ်။
ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်တာ၊ အရပ်သားတွေ ကြောက်စိတ်ဝင်အောင် ပြသတာ၊ ကြောက်စိတ်တွေ သွင်းပေးပြီး အတင်းအကျပ် နေရပ်ကနေမောင်းထုတ်တာ၊ မခုခံ မတော်လှန်ရဲအောင် လုပ်တာတွေဟာ နိုင်ငံတ ကာ စစ်ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း Fortify Rights က ဆိုပါတယ်။
ဒီလိုထိတ်လန့်ကြောက်လန့်ဖွယ်ရာ စစ်နည်းဗျူဟာတွေကို စစ်ကောင်စီတပ်က ကျူးလွန်တာ ဒါပထမဆုံး အကြိမ်မဟုတ်ကြောင်း ၂၀၂၃ ခုနှစ်ကလည်း ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်နဲ့ အရပ်သား တစ်ယောက်ကို စစ်ကောင်စီတပ်သားတွေ ခေါင်းဖြတ်သတ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို Fortify Rights အဖွဲ့ ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီအခြေအနေတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုအရေးယူနိုင်အောင် ICC ထံ လွှဲပြောင်းတာဟာ တရားမဲ့မှု ကနေ တာဝန်ယူမှု တာဝန်ခံမှုကို ပြောင်းလဲပေးနိုင်တယ်လို့ Fortify Rights က အကြံပြုတောင်း ဆိုးထားပါ တယ်။
Photo – Fortify Rights