၁၆ မတ်လ ၂၀၂၆ | New Day Myanmar
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်တယ် လို့ သိရပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်အမတ်တွေက မဲပေးရွေးချယ်ခဲ့ပြီး ဦးခင်ရီကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် အတည်ပြုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဦးခင်ရီဟာ အရင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဟောင်း ဖြစ်ခဲ့ပြီး လက်ရှိမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်မှာ USDP အမတ်များ၊ စစ်တပ်ခန့်အပ်အမတ်များနဲ့ အခြားပါတီများမှ ကိုယ်စားလှယ်များ ပါဝင်နေပြီး စုစုပေါင်း အမတ် ၃၇၀ ကျော် ပါဝင်နေတယ်လို့ သိရပါတယ်။


