၁၆ မတ်လ ၂၀၂၆ | New Day Myanmar
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မောင်မောင်အုန်းကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်တယ် လို့ သိရပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်အမတ်တွေက မဲပေးရွေးချယ်ခဲ့ပြီး မောင်မောင်အုန်းကို ဒုတိယဥက္ကဋ္ဌအဖြစ် အတည်ပြုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကိုလည်း ရွေးချယ်တင်မြှောက်ထားပြီး လွှတ်တော်၏ ဦးဆောင်ဖွဲ့စည်းပုံကို စတင်ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။


