Homeပြည်တွင်းသတင်းနံပါတ်တူပွား လိုင်စင်မဲ့ယာဉ်တွေကြောင့် စက်သုံးဆီထုတ်ယူရာမှာ ယာဉ်ပိုင်ရှင်အချို့ အခက်ကြုံနေ

နံပါတ်တူပွား လိုင်စင်မဲ့ယာဉ်တွေကြောင့် စက်သုံးဆီထုတ်ယူရာမှာ ယာဉ်ပိုင်ရှင်အချို့ အခက်ကြုံနေ

၁၃ မတ် ၂၀၂၆ ၊ New Day Myanmar

နံပါတ်တူပွားထားတဲ့ လိုင်စင်မဲ့ယာဉ်တွေကြောင့် စက်သုံးဆီထုတ်ယူရာမှာ ယာဉ်ပိုင်ရှင်အချို့ အခက်ကြုံနေရတယ်လို့ ရန်ကုန်မြို့က ဆိုင်အမည်မဖော်လိုတဲ့ စက်သုံးဆီအရောင်းဝန်ထမ်းတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

မတ်လ ၁၂ရက်ကစပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ယာဉ် Wheel Tax မှာပါရှိတဲ့ Barcode ကို စကန်ဖတ်ပြီးစက်သုံးဆီရောင်းချပေးတဲ့အစီအစဉ်ကိုလုပ်ဆောင်ခဲ့ရာမှာ အခုလိုမျိုးတွေကြုံတွေ့နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆိုင်မှာ ဒီနေ့ လေးစီးလောက်ဖြစ်နေတာ။ စကန်ဖတ်လိုက်တော့ ထုတ်ပြီးငားဖြစ်နေတာတွေ့ရတယ်။ လာထုတ်တဲ့ ယာဉ်ပိုင်ရှင်က အခုမှလာထုတ်တာ တခါမှမထုတ်ရသေးဘူးဆိုပြီးပြောတယ်။ နံ ပါတ်တူပွားထားတဲ့ယာဉ်က ထုတ်သွားပြီဆိုတာကို အပလီကေးရှင်းမှာ ပြနေတော့ ထုတ်ပေးလို့မရဘူး”လို့ ပြောပါတယ်။

လိုင်စင်အစစ်ကိုင်ဆောင်ထားတဲ့ ယာဉ်ပိုင်ရှင်တွေကတော့ ကိုယ့်ယာဉ်ကို နံပါတ်တူပွားပြီး စီးနေတဲ့သူတွေကို လိုက်လံ စုံ စမ်းတာတွေလုပ်နေပြီး တိုင်ကြားဖို့ လုပ် ဆောင်နေတာတွေရှိတယ်လို့ လူမှုကွန် ရက်ပေါ်မှာ ရေးသားမျှဝေထားတာလည်းတွေ့ရပါတယ်။

“ခိုင်မာတဲ့ စနစ်ကိုမပိုင်ဘဲ လုပ်ချင်တာတွေလုပ်နေတော့ အခု နံပါတ်ပွားတွေပေါ်ပြီ၊ ဒါကို ဘယ်လိုထိန်းချုပ်မလဲ။ စစ်တပ်က လုပ်လိုက်ရင်အလွဲကြီးဘဲ။ ရှေ့ကဖုံး နောက်ကပေါ်ဆိုသလိုဘဲ။တနိုင်ငံလုံးဆို…အများကြီးရှိနေမှာ”လို့

ယာဉ်ပိုင်ရှင်တစ်ဦးက ဝေဖန်ပြောဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခကြောင့် ရေနံဈေးတွေနေ့စဉ်ထိုးတက်နေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်ပါ မြင့်တက်လာနေပါတယ်။

ဒီအပေါ် စစ်ကောင်စီက စုံ/မ ရက်ခွဲပြီး

မော်တော်ယာဉ်တွေကိုမောင်းန်ှုရမယ်လို့ကနဦး ကြပ်မတ်အပြီး ၊ စက်သုံးဆီတွေကိုလည်း စုံ/မရက်ခွဲပြီး ထပ်မံကန့်သတ်ပါတယ်။

အဲ့ဒီနောက်မှာ မတ်လ ၁၂ရက်ကစလို့ ရန်ကုန်၊မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးမြို့ကြီးတွေက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီဖြည့်တဲ့အခါ ဝှီးတက်ပေါ်က ဘားကုတ်ကို အပလီကေးရှင်းနဲ့ စကန်ဖတ်ပြီးမှ ဆီထည့်ရတဲ့ စနစ်ကိုအသုံးပြုစေရာမှာ အခုလို နံပါတ်တူပွား လိုင်စင်မဲ့ယာဉ်တွေပေါ်ထွက်လာတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး