၂၃ ဒီဇင်ဘာ၊ ၂၀၂၄
ထိုင်းမြန်မာနယ်စပ်က တာ့ခရိုင်မှာ မြန်မာနယ်စပ်ဘက်ခြမ်းက ကာလဝမ်းရောဂါပျံ့နှံ့ကူးစက်နေတဲ့အတွက် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်က အရေးပေါ်ကုသရေးစင်တာတွေ ဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Opas Karnkawinpong က တာ့ခရိုင်မှာ မြန်မာဘက်အခြမ်း ရွှေကုက္ကိုလ်မြို့က ကာလဝမ်းရောဂါတွေပျံ့နှံ့ကူးစက်နေတယ်လို့ အတည်ပြုပြီး အရေးပေါ်ကုသရေးစင်တာတွေ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။
တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက အရေးပေါ်ကုသရေးစင်တာ(EOC) အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေး စစ်ဆေးရေးမှူးချုပ် ဒေါက်တာ Supachoke Vejaphanphesat က EOCရဲ့ အခြေအနေ ကွပ်ကဲရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း Opas က ပြောဆိုပါတယ်။ ဝန်ကြီးဌာနရဲ့ စစ်ဆေးရေးမှူးချုပ် Sopon Iamsirithaworn က အကြံပေးအရာရှိအဖြစ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အရေးပေါ်ကုသရေးစင်တာတွေကို မြန်မာဘက်ခြမ်းက ရွှေကုက္ကိုလ်မြို့သစ်မှာ လူ ၃၀၀ လောက်ကာလဝမ်းရောဂါ ဖြစ်ပွားနေပြီး ၂ ယောက်သေဆုံးတယ်လို့ သတင်းရရှိတဲ့အတွက်ဖွင့်ထားတာ ဖြစ်ပြီး ရွှေကုက္ကိုလ်ဆေးရုံမှာ လက်ရှိ လူ ၅၆ ယောက် တက်ရောက်ကုသနေပြီး သံသယဖြစ်ဖွယ်လူနာ ၂ ယောက်က တာ့ခရိုင်ထဲက မယ်လမတ်နဲ့ မဲဆောက်ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့အတွက် ကူးစက်ကာလဝမ်းရောဂါကို သတိပေးချက်တွေ ထုတ်ပြန်ဆောင်ရွက်နေပါတယ်။ ဒီသံသယဖြစ်ဖွယ်လူနာတွေရဲ့ ဓာတ်ခွဲခန်းအဖြေတွေကို စောင့်နေတယ်လို့ သိရပါတယ်။
ရှေ့တန်း EOC သည် နယ်စပ်တလျှောက်ရှိ ရပ်ရွာများနှင့် နယ်စပ်တလျှောက် ယာယီအမိုးအကာများကဲ့သို့သော အန္တရာယ်များသောဒေသများတွင် ဖြစ်ပွားနိုင်ခြေမြင့်မားသောနေရာများတွင် အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း Opas မှပြောကြားခဲ့သည်။
အရေးပေါ်ကုသရေးစင်တာတွေကို ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာ ယာယီမိုးကာတဲတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဖြစ်ပွားနိုင်ချေမြင့်မားတဲ့နေရာတွေမှာ အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဆေးဆိုင်တွေ၊ ရပ်ရွာခေါင်းဆောင်တွေနဲ့ မြန်မာကျန်းမာရေးစေတနာ့ဝန်ထမ်းတွေဟာ ကာလဝမ်းရောဂါ သံသယရှိသူတွေကို စောင့်ကြည့်ပြီး တွေ့ရှိချက်တွေကို EOC တွေကို အစီရင်ခံ တင်ပြရမယ်လို့ Opas က မှာကြားထားပါတယ်။
မြန်မာအလုပ်သမားတွေကိုလည်း ကာလဝမ်းရောဂါမဖြစ်ပွားအောင် ဘယ်လို စီမံကာကွယ်ရမယ်ဆိုတာကို ပညာပေးဖို့ တာဝန်ရှိသူတွေကို စေလွှတ်မှာ ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို သံသယရှိဖွယ်အဖြစ်သတ်မှတ်ပြီး ဓာတ်ခွဲခန်းမှာ ချက်ချင်းစစ်ဆေးပြီး ထိုင်းဘက်အခြမ်းကို ကာလဝမ်းရောဂါ ကူးစက်မှုကို တားဆီးမယ်လို့ ဆိုပါတယ်။
ပုံစာ – မြစ်ကိုဖြတ်ပြီး စစ်ဘေးရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို စောင့်ကြည့်နေတဲ့ ထိုင်းစစ်သားများ(ပုံဟောင်း)
Photo – Benar