Homeပြည်တွင်းသတင်းတကူကျေးရွာကို စစ်ကော်မရှင်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

တကူကျေးရွာကို စစ်ကော်မရှင်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

၁၀ မတ်လ ၂၀၂၆ | New Day Myanmar

တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် တကူကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၁၀ ရက် နေ့လည် ၁၂ နာရီ ၁၇ မိနစ်ခန့်မှာ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်အတွင်းရှိ တကူကျေးရွာကို စစ်ကော်မရှင်တပ်က Jet Fighter-K8W လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးတစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေတွေကို ဆက်လက် စိစစ်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ကေအဲန်ယူဘက်က ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး