Homeပြည်တွင်းသတင်းစစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၅၂၀ ခုကျူးလွန်ခဲ့

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၅၂၀ ခုကျူးလွန်ခဲ့

၁၄ မတ်လ ၂၀၂၆ | New Day Myanmar

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အနည်းဆုံး လူ ၅ ဦးနှင့်အထက် သေဆုံးတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၅၂၀ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅,၅၀၅ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စုစည်းထားတဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်တွေထဲမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အများဆုံးဖြစ်ပြီး ကလေးငယ်များအပါအဝင် အရပ်သား သေဆုံးမှု အများအပြား ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၅,၀၄၁ ခု ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၁၀,၆၅၁ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅,၀၇၅ ဦး သေဆုံးခဲ့တယ်လို့လည်း စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကော်မရှင်အပေါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့နဲ့ လေယာဉ်ဆီ၊ လက်နက်နဲ့ စစ်ရေးပစ္စည်း တင်ပို့မှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။

ပုံစာ – ၂၀၂၅ ခုနှစ် မေလက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ကျောင်းသား ကျောင်းသူများ

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး