Homeပြည်တွင်းသတင်းစစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်နီးပါးအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရ

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်နီးပါးအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရ

၁၅ နိုဝင်ဘာ၊၂၀၂၄

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်နီးပါးကာလအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရပြီး ၅၄ ဦး ထိန်း သိမ်းခံထားရဆဲဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားနေတဲ့ အသံအဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၁ ဦး သေဆုံးခဲ့တဲ့အပြင် ဖမ်းဝရမ်းအထုတ်ခံရသူ ၅၆ ဦး ရှိနေပြီး စစ်ကောင်စီဟာ သတင်းမီဒီယာအခွင့်အရေးကို ချိုးဖောက်ဖိနှိပ်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၂၆ ဦးနဲ့ အမျိုးသား ၁၈၉ ဦးပါဝင်ပြီး ပြန်လည်လွတ်မြောက်လာသူ ၁၅၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မှာ သတင်းထောက်နှစ်ဦး သတင်းယူရင်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာခဲ့သလို မွန်ပြည်နယ် မှာလည်း သံလွင်တိုင်းမ်အယ်ဒီတာချုပ်ရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သလို ၂ဝ၂၄ အောက်တိုဘာ လထဲ မှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တစ်လကျော်ကြာ ဖမ်းဆီးထားတဲ့ ဖားကန့်အခြေစိုက် သတင်းသမားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီသတင်းထောက်တွေကို KIA က ပြန်လွှတ်ပေးခဲ့ပေမဲ့လည်း သတင်းထောက်တွေနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေ အတွက် အာမခံချက် နည်းသထက်နည်းလာပြီး မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ဆက်တိုက်ချိုးဖောက်ခံလာရတယ်လို့ အသံအဖွဲ့က ဆိုထားပြီးKIA အနေနဲ့ သတင်းထောက်တွေအတွက် သတင်း ရယူ၊ ဖြန့်ချိပိုင်ခွင့်ကို အာမခံပေးဖို့ လိုအပ်ပြီး သတင်းရေးသားတဲ့အတွက် ဖမ်းဆီးအရေးယူတာတွေ ဆက်မလုပ်သင့်ဘူးလို့လည်း ထောက်ပြထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်ထားတဲ့ ၂၀၂၄ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ် လပ်ခွင့်ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ အဖြစ် သတ်မှတ်ခံရပြီး အန္တရာယ်အများဆုံးအဆင့်မှာ ရှိနေပါတယ်။

Photo – Athan Facebook

ဆက်စပ် သတင်းများ

Most read