Homeပြည်တွင်းသတင်းစစ်ကောင်စီက ၂၀၂၅ မှ ရွေးကောက်ပွဲလုပ်ပေးမဲ့အကြောင်း နိုင်ငံရေးပါတီတွေကို ရွေးကော်ပြောဆို

စစ်ကောင်စီက ၂၀၂၅ မှ ရွေးကောက်ပွဲလုပ်ပေးမဲ့အကြောင်း နိုင်ငံရေးပါတီတွေကို ရွေးကော်ပြောဆို

၂၅ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၂၄ ရက်က နေပြည်တော်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲဆွေးနွေးပွဲတစ်ခု လုပ်ခဲ့ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတွေ့ဆုံချိန်မှာလည်း စစ်ခေါင်းဆောင်က ဝမ်ယိကို ရွေးကောက်ပွဲပြုလုပ်ပေးမယ့်အကြောင်း ပြောကြားပြီး ဝမ်ယိက စစ်ကောင်စီကျင်းပပေးမဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့အကြောင်း ပြောဆိုဖူးပါတယ်။

လာမဲ့ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးမယ်လို့ စစ်ကောင်စီက ပြောဆိုဖူး ပေမဲ့ ဩဂုတ်လ ၂၄ ရက်မှာ ရွေးကော်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့အခါမှာတော့ ဘယ် စနစ်ကို သုံးမယ်ဆိုတာကို ရွေးကော်က ကြေညာထားတာမျိုးမရှိခဲ့ပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပဖို့ တစ်နှစ်နဲ့ နှစ်လသာ လိုတော့တယ်လို့ ရွေးကော်က နိုင်ငံရေးပါတီတွေ ကို ပြောခဲ့ပေမဲ့ အခုချိန်ထိ ရွေးကော်ဆီမှာ ပါတီမှတ်ပုံတင်ဖို့ ပယ်ချခံရတဲ့ပါတီတွေ အများအပြား ရှိနေပါတယ်။

ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲစနစ်ကိစ္စ၊ မဲစာရင်း မှန်ကန်ရေးနဲ့ အီလက်ထရောနစ် မဲပေးစက်ကိစ္စ အပါ အဝင် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ကိစ္စတွေကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီက နောက်လ အောက်တိုဘာလမှာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်နေပြီး ရွေးကော်က လည်း ပါတီမှတ်ပုံတင်ခြင်းတွေကို ဆက်ပြီးအတည်ပြုဖို့ ငြင်းပယ်ဖို့ လုပ်ဆောင်သွား မယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ပါတီက ၄၉ ပါတီရှိပြီး ဒီထဲက ၉ ပါတီကသာ တနိုင်ငံလုံးအနေအထားဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည် နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တော်တော်များများဟာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ပုံစာ- (စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီခွင့်ပြုထားတဲ့ပါတီတွေ ရွေးကောက်ပွဲစည်းမျဉ်းတွေ ချဖို့ ၂၀၂၄ ခုနှစ် နှစ်စမှာ တွေ့ဆုံဆွေးနွေးစဉ်)

ဆက်စပ် သတင်းများ

Most read