Homeပြည်တွင်းသတင်းကွတ်ခိုင်၊ နမ့်ဖတ်ကာဒေသမှာ MNDAA ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်၊ ဒေသခံတွေ ဖမ်းဆီးခံထားရ

ကွတ်ခိုင်၊ နမ့်ဖတ်ကာဒေသမှာ MNDAA ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်၊ ဒေသခံတွေ ဖမ်းဆီးခံထားရ

၁၅ မတ်လ ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာဒေသတွေမှာ ကိုးကန့်တပ် (MNDAA) ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေ အပြင်းထန်ဆုံးအဆင့်အထိ ဖြစ်ပွားနေတယ် လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ နေရာ ၈ ခုထက်မနည်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဒရုန်းတွေကို အဓိကအသုံးပြုပြီး တိုက်ခိုက်နေတယ် လို့ သိရပါတယ်။

ကွတ်ခိုင်၊ မိုင်းယုလေးနဲ့ နမ့်ဖတ်ကာအနီးရှိ ကျေးရွာတချို့မှာ တအာင်းရွာသား အများအပြား ဖမ်းဆီးခံထားရတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရသူ အရေအတွက်ကိုတော့ မသိရသေးဘဲ လူအများအပြားနဲ့ ဆက်သွယ်ရေးပြတ်တောက်နေတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် TNLA စစ်သားဝတ်စုံတွေတွေ့ရတဲ့ အိမ်တွေကို ဖျက်ဆီးမှုတွေရှိခဲ့တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကျေးရွာအများအပြားက ဒေသခံတွေ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး