Homeပြည်တွင်းသတင်းကမ္ဘာ့ပဋိပက္ခညွှန်းကိန်းမှာ မြန်မာနိုင်ငံ ဒုတိယနေရာက ရပ်တည်

ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းမှာ မြန်မာနိုင်ငံ ဒုတိယနေရာက ရပ်တည်

၇ ဩဂုတ်၊ ၂၀၂၄

၂၀၂၄ ခုနှစ်အတွက် ပထမနှစ်ဝက်ခြောက်လတာအတွက် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းမှာ မြန်မာနိုင်ငံက ဒုတိယနေရာ က ရပ်တည်နေတယ်လို့ စစ်မြေပြင်ဆိုင်ရာသတင်းအချက်အလက်တွေကို စောင့်ကြည့်လေ့လာ နေတဲ့ Armed Conflict Location & Event Data Project (ACLED) သုတေသနအဖွဲ့က ဩဂုတ်လ ၆ ရက်က ထုတ်ပြန်ပါ တယ်။

ဒီပဋိပက္ခညွှန်းကိန်းကို လူသေဆုံးမှု၊ အရပ်သားတွေအပေါ် ကျရောက်တဲ့အန္တရာယ်၊ ပဋိပက္ခပြန့်ပွားမှု နဲ့ ပဋိပက္ခ ဖြစ်ပွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများပြားမှုတွေအပေါ် မူတည်ပြီး ACLED က ခြောက်လတစ်ကြိမ် နိုင်ငံ တိုင်းရဲ့အဆင့်တွေကို ဖော်ပြတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ပထမခြောက်လအတွင်းမှာ မြန်မာနိုင်ငံက လူသေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃၊ အရပ် သားပြည်သူတွေအတွက် အန္တရာယ်အများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၄၊ ပဋိပက္ခဖြစ်ပွားမှု အကျယ်ပြန့် ဆုံးမှာ အဆင့် ၉ နဲ့ ပဋိပက္ခဖြစ်ပွားတဲ့အဖွဲ့အစည်းအများဆုံးရှိတဲ့နေရာမှာ အဆင့် ၁ နေရာတွေမှာ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံအတွက် ဒီသတ်မှတ်ချက်လေးခုဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက အဆင့်သတ်မှတ်ချက်တွေနဲ့ တူညီခဲ့ ပေမယ့် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းသတ်မှတ်ချက်မှာတော့ အဆင့် ၁ က အဆင့် ၂ ကို တစ်ဆင့်လျော့ကျသွားပါ တယ်။

ပဋိပက္ခဖြစ်ပွားမှုတွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂၃ သန်းနီးပါးအပေါ်မှာ သက်ရောက်မှုရှိ နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အခြေစိုက် Armed Conflict Location & Event Data Project (ACLED) အဖွဲ့ဟာ လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းကနိုင်ငံတွေရဲ့ ပဋိပက္ခဆိုင်ရာ အချက်အလက်တွေကို လေ့လာ စုဆောင်းနေတဲ့အဖွဲ့ အစည်းတစ်ခု ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read