Homeပြည်တွင်းသတင်းပုပ်ရဟန်းမင်းကြီး ဖရန်စစ်အတွက် ရန်ကုန်မှာ ဆုတောင်းပွဲပြုလုပ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အတွက် ရန်ကုန်မှာ ဆုတောင်းပွဲပြုလုပ်

၂၂ ဧပြီ၊ ၂၀၂၅

ဧပြီ ၂၂ ရက်မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အတွက် ဆုတောင်းပွဲကိုရန်ကုန်မြို့မှာရှိတဲ့ Saint Mary Church မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆုတောင်းပွဲကို ကာဒီနယ်ချားလ်မောင်ဘို လည်းတက်ရောက်ခဲ့ပါတယ်။

ပုတ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်က ဗာတီကန် နန်းတော်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီကန်နန်းတော်မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read